La Yaung Hub logoLa Yaung Hub
GED Guide

GED RLA မှာ အများဆုံးမှားတတ်တဲ့ Grammar နှစ်မျိုးက ဘာတွေလဲ?

GEDRLAGrammarStudyTipsGEDbyLaYaungHub

Fragment နဲ့ Run-on Sentence တွေက GED RLA မှာ မကြာခဏမေးလေ့ရှိတဲ့ Grammar Topics တွေဖြစ်လို့ ဒီနှစ်ခုရဲ့ ကွာခြားချက်နဲ့ ခွဲခြားနည်းကို အလွယ်တကူနားလည်အောင် ရှင်းပြပေးပါမယ်။

Fragment ဆိုတာ ဘာလဲ

Fragment ဆိုတာ ဝါကျတစ်ကြောင်းလို မြင်ရပေမယ့် အဓိပ္ပာယ်မပြည့်စုံသေးတဲ့ စာကြောင်းကို ဆိုလိုပါတယ်။

ဝါကျတစ်ကြောင်းအဖြစ် ရပ်တည်ဖို့လိုတဲ့ အစိတ်အပိုင်းတွေ မပြည့်စုံသေးတာကြောင့် ဖြစ်တတ်ပါတယ်။

  • Subject မစုံခြင်း
  • Verb မစုံခြင်း
  • Complete Idea မရှိခြင်း

Run-on Sentence ဆိုတာ ဘာလဲ

Run-on Sentence ဆိုတာ အဓိပ္ပာယ်ပြည့်စုံတဲ့ ဝါကျနှစ်ကြောင်းနဲ့ နှစ်ခုထက်ပိုတဲ့ ဝါကျတွေကို မှန်ကန်တဲ့ Punctuation နဲ့ Conjunction တွေမသုံးဘဲ ဆက်ရေးထားတာ ဖြစ်ပါတယ်။

ဝါကျတွေကို ချိတ်ဆက်ရာမှာ အမှန်ကန်ဆုံးနည်းလမ်း မသုံးထားတဲ့အတွက် ဖတ်ရခက်ပြီး အဓိပ္ပာယ်လည်း မရှင်းလင်းနိုင်ပါဘူး။

GED RLA မှာ ဘာကြောင့် အရေးကြီးလဲ

GED ရဲ့ RLA Grammar Questions တွေမှာ မှန်ကန်တဲ့ဝါကျကို ရွေးခိုင်းတာ၊ မှားနေတဲ့ဝါကျကို ပြင်ခိုင်းတာ စတဲ့ မေးခွန်းတွေ မကြာခဏ မေးလေ့ရှိပါတယ်။

ဒါကြောင့် Fragment နဲ့ Run-on ကို သေချာခွဲခြားတတ်ထားရင် ဝါကျအမှားတွေကို ပိုမိုလွယ်ကူစွာ ခွဲခြားနိုင်ပြီး အမှတ်ဆုံးရှုံးနိုင်ခြေကိုလည်း လျှော့ချနိုင်ပါတယ်။

GED နဲ့ပတ်သက်ပြီး သိချင်တာတွေရှိရင် GED Guide by La Yaung Hub ရဲ့ နောက် Post တွေမှာ ဆက်လက်ရှင်းပြပေးသွားပါမယ်။

Facebook တွင် မူရင်းပို့စ် ကြည့်ရန်

နောက်ထပ် ဆောင်းပါးများ

လရောင်အောက်သို့ အရင်ဆုံး ရောက်ရှိလိုက်ပါ။

မည်သူမျှ အမှောင်ထဲတွင် စာလေ့လာနေစရာ မလိုသင့်ပါ။ Waitlist ဝင်ထားပါက beta စတင်တာနှင့် အကြောင်းကြားပေးမည်ဖြစ်ပြီး တစ်သက်တာ early-bird ဈေးနှုန်းလည်း ရရှိပါမည်။

Spam မပို့ပါ။ အဆင်သင့်ဖြစ်သည့်အခါ email တစ်စောင်တည်း ပို့ပါမည်။