La Yaung Hub logoLa Yaung Hub
GED Guide

GED ကို အသက်ဘယ်လောက်ကစပြီး ဖြေလို့ရလဲ?

GEDGEDtestGEDRequirementsStudyTipsGEDbyLaYaungHub

GED စာမေးပွဲ စိတ်ဝင်စားသူတိုင်း အရင်ဆုံး သိချင်ကြတဲ့ မေးခွန်းဖြစ်တဲ့ ဖြေဆိုခွင့်ရှိတဲ့ အသက်အရွယ်နဲ့ လိုအပ်ချက်တွေကို ရှင်းပြပေးပါမယ်။

ဖြေဆိုခွင့်ရှိတဲ့ အသက်အရွယ်

အတိုချုပ်ပြောရရင် အသက် ၁၆ နှစ် ပြည့်ပြီးတာနဲ့ GED ဖြေဆိုခွင့် ရှိပါတယ်။

ဒါပေမယ့် အသက်အရွယ်အလိုက် လိုအပ်ချက်တွေ ကွာခြားပါတယ်။

အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်ကြား ဖြေဆိုမယ့်သူတွေအတွက်

  • လက်ရှိ High School မှာ တက်ရောက်နေဆဲဆိုရင် GED ဖြေဆိုခွင့် မရှိသေးပါဘူး။
  • မိဘ (သို့မဟုတ်) အုပ်ထိန်းသူရဲ့ ခွင့်ပြုချက် လက်မှတ် လိုအပ်ပါတယ်။
  • GED စာမေးပွဲ မဖြေဆိုမီ GED Ready ကို ဘာသာရပ်တိုင်းမှာ အနည်းဆုံး ၁၄၅ မှတ်နှင့်အထက် ရရှိထားရမှာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်နှင့်အထက်ဆိုရင်

လိုအပ်ချက်တွေ ပိုမိုလွယ်ကူပါတယ်။ ကိုယ်အဆင်ပြေတဲ့ အချိန်မှာ Registration ပြုလုပ်ပြီး GED စာမေးပွဲကို ဖြေဆိုနိုင်ပါတယ်။

ကိုယ့်အသက်အရွယ်အလိုက် လိုအပ်ချက်တွေကို ကြိုတင်သိထားမယ်ဆိုရင် Registration လုပ်တဲ့အခါ ပိုပြီး လွယ်ကူအဆင်ပြေစေမှာ ဖြစ်ပါတယ်။

GED နဲ့ပတ်သက်ပြီး သိချင်တာတွေရှိရင် GED Guide by La Yaung Hub ရဲ့ နောက် Post တွေမှာ ဆက်လက်ရှင်းပြပေးသွားပါမယ်။

Facebook တွင် မူရင်းပို့စ် ကြည့်ရန်

နောက်ထပ် ဆောင်းပါးများ

လရောင်အောက်သို့ အရင်ဆုံး ရောက်ရှိလိုက်ပါ။

မည်သူမျှ အမှောင်ထဲတွင် စာလေ့လာနေစရာ မလိုသင့်ပါ။ Waitlist ဝင်ထားပါက beta စတင်တာနှင့် အကြောင်းကြားပေးမည်ဖြစ်ပြီး တစ်သက်တာ early-bird ဈေးနှုန်းလည်း ရရှိပါမည်။

Spam မပို့ပါ။ အဆင်သင့်ဖြစ်သည့်အခါ email တစ်စောင်တည်း ပို့ပါမည်။