GED က ခက်လား? ဘာသာရပ် ၄ ခုမှာ ဘာတွေဖြေရမှာလဲ?
GED က အလွတ်ကျက်ပြီး ဖြေရတဲ့ စာမေးပွဲမဟုတ်ဘဲ Logic, Critical Thinking နဲ့ Problem Solving Skills တွေကို အဓိကစစ်တဲ့ စာမေးပွဲ ဖြစ်ပါတယ်။
Mathematical Reasoning
Formula တွေ အကုန်အလွတ်ကျက်ထားဖို့ မလိုပါဘူး။
- Formula Sheet ပေးထားပါတယ်။
- Calculator လည်း သုံးခွင့်ရှိပါတယ်။
- အရေးကြီးတာက Concept ကို နားလည်ဖို့နဲ့ Problem ကို Logic နဲ့ ဖြေရှင်းနိုင်ဖို့ပါ။
Reasoning Through Language Arts (RLA)
ဒီဘာသာက English Grammar Test သက်သက် မဟုတ်ပါဘူး။
- Reading Comprehension ကို စစ်ပါတယ်။
- Main Idea ကို ဖမ်းနိုင်ရပါမယ်။
- Evidence ကို အခြေခံပြီး Essay ရေးနိုင်ရပါမယ်။
Essay ဆိုလို့ စိတ်မလန့်ပါနဲ့။ ကိုယ်ပိုင်အမြင်ချည်း ရေးရတာမဟုတ်ဘဲ ပေးထားတဲ့ စာသားကို အခြေခံပြီး အထောက်အထားနဲ့ ရေးရတာ ဖြစ်ပါတယ်။
Science
Biology, Chemistry, Physics အခြေခံ Concept တွေ ပါဝင်ပေမယ့် အလွတ်ကျက်ရတဲ့ စာမေးပွဲ မဟုတ်ပါဘူး။
အများဆုံးတွေ့ရတာက Graph, Chart, Experiment Results တွေကို ကြည့်ပြီး Analysis လုပ်နိုင်လားဆိုတာကို စစ်တာပါ။
Social Studies
History, Geography, Economics, Civics & Government စတဲ့ အခြေခံအကြောင်းအရာတွေ ပါဝင်ပါတယ်။
အမေရိကန်သမိုင်းနဲ့ အုပ်ချုပ်ရေးစနစ်ကို သိထားရပေမယ့် နှစ်တွေ၊ အချက်အလက်တွေ အကုန်အလွတ်ကျက်ရတာမျိုး မဟုတ်ပါဘူး။ Document, Graph, Map တွေကို ဖတ်ပြီး Reasoning လုပ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။
GED ရဲ့ အကြီးမားဆုံး အားသာချက်
GED ကို ဘာသာ ၄ ခုလုံး တစ်ရက်တည်း ဖြေစရာမလိုပါဘူး။ ကိုယ်အဆင်သင့်ဖြစ်တဲ့ Subject ကို အရင်ဖြေပြီး ကျန်တဲ့ဘာသာတွေကို နောက်မှ သီးသန့်ဖြေလို့ရပါတယ်။
GED နဲ့ပတ်သက်ပြီး သိချင်တာတွေရှိရင် GED Guide by La Yaung Hub ရဲ့ နောက် Post တွေမှာ တစ်ခုချင်းစီ အသေးစိတ် ရှင်းပြပေးသွားပါမယ်။