La Yaung Hub logoLa Yaung Hub
GED Guide

GED Social Studies မှာ Supreme Court Cases ဆိုတာ ဘာကိုဆိုလိုတာလဲ?

By La Yaung Hub TeamGEDSocialStudiesSupremeCourtCasesStudyTipsGEDbyLaYaungHub

GED လေ့လာရင်း မကြာခဏတွေ့ရတတ်တဲ့ Supreme Court Cases ဆိုတဲ့ Topic ကို ဘယ်လိုလေ့လာရမလဲဆိုတာ ရှင်းပြပေးပါမယ်။

Supreme Court Cases ဆိုတာ ဘာလဲ

Supreme Court Cases ဆိုတာ အမေရိကန်ရဲ့ အမြင့်ဆုံးတရားရုံးက ချမှတ်ခဲ့တဲ့ အရေးကြီးဆုံးဖြတ်ချက်တွေကို လေ့လာတာပါ။

Case နာမည်တွေကို အလွတ်ကျက်ရမယ်လို့ ထင်နေတဲ့သူတွေလည်း ရှိပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။

ဒီဆုံးဖြတ်ချက်တွေက ဘာတွေသင်ပေးလဲ

ဒီဆုံးဖြတ်ချက်တွေက အောက်ပါအချက်တွေကို နားလည်အောင် ကူညီပေးပါတယ်။

  • ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုထားသလဲ
  • နိုင်ငံသားတွေရဲ့ အခွင့်အရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ
  • အစိုးရရဲ့ အာဏာအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

GED မှာ ဘယ်လိုလေ့လာသင့်လဲ

GED မှာတော့ Case အသေးစိတ်ကို အလွတ်ကျက်ထားတာထက် ဆုံးဖြတ်ချက်ရဲ့ အဓိကအယူအဆနဲ့ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုကို နားလည်ထားနိုင်ဖို့က ပိုအရေးကြီးပါတယ်။

GED အကြောင်း သိချင်တာတွေရှိရင် GED Guide by La Yaung Hub ရဲ့ နောက် Post တွေမှာ တစ်ဆင့်ချင်း ရှင်းပြပေးသွားပါမယ်။

View the original post on Facebook

Share this post

More posts

Be first under the moonlight.

No one should have to study in the dark. Join the waitlist and we'll bring you under the moonlight the moment the beta opens — with lifetime early-bird pricing.

No spam. Just one email when we're ready for you.