GED Social Studies မှာ သိထားသင့်တဲ့ Supply & Demand ဆိုတာ ဘာလဲ?
GED Social Studies ရဲ့ Economics အပိုင်းမှာ မကြာခဏတွေ့ရတဲ့ Supply & Demand အကြောင်းကို ရှင်းပြပေးပါမယ်။
Supply & Demand ဆိုတာ ဘာလဲ
Supply & Demand ဟာ GED Social Studies ရဲ့ Economics အပိုင်းမှာ မကြာခဏ တွေ့ရတဲ့ အရေးကြီးတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်ပါတယ်။
ဈေးကွက်အတွင်း ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုရဲ့ ဈေးနှုန်းနဲ့ အရောင်းအဝယ်ပမာဏကို ဆုံးဖြတ်ပေးတဲ့ အခြေခံစီးပွားရေးအယူအဆ ဖြစ်ပါတယ်။
Demand နဲ့ Supply ကွာခြားချက်
- Demand - ဝယ်လိုအားကို ဆိုလိုပါတယ်။ စားသုံးသူတွေက ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုကို ဝယ်ယူလိုတဲ့ ဆန္ဒနဲ့ ဝယ်ယူနိုင်စွမ်း ဖြစ်ပါတယ်။
- Supply - ရောင်းလိုအား ဖြစ်ပါတယ်။ ထုတ်လုပ်သူတွေက ဈေးကွက်မှာ ရောင်းချဖို့ ပြင်ဆင်ထားတဲ့ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု ပမာဏကို ဆိုလိုပါတယ်။
GED မှာ ဘယ်လိုမေးလေ့ရှိလဲ
GED Social Studies မှာ Supply နဲ့ Demand ရဲ့ အဓိပ္ပာယ်ကို သိရုံတင်မကဘဲ အခြေအနေတစ်ခု ပြောင်းလဲလာတဲ့အခါ ဈေးနှုန်းနဲ့ အရောင်းအဝယ်ပမာဏ ဘယ်လိုပြောင်းလဲသွားနိုင်သလဲဆိုတာကိုပါ နားလည်ထားဖို့ လိုပါတယ်။
GED အကြောင်း သိချင်တာတွေရှိရင် GED Guide by La Yaung Hub ရဲ့ နောက် Post တွေမှာ တစ်ဆင့်ချင်း ရှင်းပြပေးသွားပါမယ်။