La Yaung Hub logoLa Yaung Hub
GED Guide

GED Social Studies မှာ မြေပုံမေးခွန်းတွေ ဖြေနိုင်ဖို့ Map Skills ဆိုတာ ဘာလဲ?

By La Yaung Hub TeamGEDSocialStudiesMapSkillsStudyTipsGEDbyLaYaungHub

GED Social Studies မှာ မြေပုံနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေနိုင်ဖို့ သိထားရမယ့် Map Skills အကြောင်းကို ရှင်းပြပေးပါမယ်။

Map Skills ဆိုတာ ဘာလဲ

Map Skills ဆိုတာ မြေပုံပေါ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို ဖတ်ရှုနားလည်ပြီး ပြန်လည်အသုံးချနိုင်တဲ့ စွမ်းရည် ဖြစ်ပါတယ်။

မြေပုံတွေက ဘာတွေပြသပေးလဲ

မြေပုံတွေဟာ နေရာတည်ရှိမှုကို ပြသပေးရုံတင် မဟုတ်ပါဘူး။

  • တည်နေရာ
  • အကွာအဝေး
  • ဦးတည်ချက်
  • နေရာတွေကြား ဆက်နွယ်မှု

စတဲ့ အချက်အလက်တွေကို နားလည်နိုင်ဖို့ ဖော်ပြပေးထားပါတယ်။

GED မှာ ဘာကြောင့် အရေးကြီးလဲ

GED Social Studies မှာ မြေပုံ၊ ဇယားနဲ့ အချက်အလက်တွေကို အသုံးပြုပြီး ဖြေဆိုရတဲ့ မေးခွန်းတွေလည်း ပါဝင်နိုင်ပါတယ်။

ဒါကြောင့် လေ့လာတဲ့အခါ စာအကြောင်းအရာတွေကို မှတ်သားထားရုံသာမက မြေပုံတွေက ဖော်ပြထားတဲ့ အချက်အလက်တွေကို နားလည်ဖတ်ရှုနိုင်တဲ့ Map Skills ကိုလည်း လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။

GED အကြောင်း သိချင်တာတွေရှိရင် GED Guide by La Yaung Hub ရဲ့ နောက် Post တွေမှာ တစ်ဆင့်ချင်း ရှင်းပြပေးသွားပါမယ်။

View the original post on Facebook

Share this post

More posts

Be first under the moonlight.

No one should have to study in the dark. Join the waitlist and we'll bring you under the moonlight the moment the beta opens — with lifetime early-bird pricing.

No spam. Just one email when we're ready for you.