GED RLA Reading မှာ Inference Questions ဆိုတာ ဘာလဲ?
GED RLA Reading မှာ ဖြေရခက်တတ်တဲ့ Inference Questions တွေရဲ့ သဘောသဘာဝနဲ့ ဖြေဆိုနည်းကို ရှင်းပြပေးပါမယ်။
Inference ဆိုတာ ဘာလဲ
GED RLA မှာ Inference ဆိုတာ စာပိုဒ်ထဲမှာ တိုက်ရိုက်ဖော်ပြမထားတဲ့ အဓိပ္ပာယ်ကို ပေးထားတဲ့ အချက်အလက်တွေအပေါ် စဉ်းစားဆက်စပ်ပြီး နားလည်သဘောပေါက်ခြင်းကို ဆိုလိုပါတယ်။
GED Reading မှာ အဖြေတိုင်းကို စာပိုဒ်ထဲမှာ အတိအကျ ရေးထားတာမျိုး မဟုတ်ပါဘူး။ တစ်ခါတစ်ရံ အချက်အလက်တချို့ကိုသာ ဖော်ပြထားပြီး ကျန်တဲ့အဓိပ္ပာယ်ကိုတော့ ပေးထားတဲ့အချက်အလက်တွေကို ချိတ်ဆက်စဉ်းစားပြီး နားလည်အောင်လုပ်ရပါတယ်။
Inference Questions တွေကို ဘယ်လိုဖြေရမလဲ
- ကိုယ့်အမြင်ကို အခြေခံပြီး ဖြေရတာမျိုး မဟုတ်ပါဘူး။
- စာပိုဒ်ထဲမှာ ပါဝင်တဲ့ အချက်အလက်တွေကို အခြေခံရပါမယ်။
- အကိုက်ညီဆုံး အဖြေကို ရွေးချယ်ဖို့ လိုပါတယ်။
ဘာကြောင့် အရေးကြီးလဲ
ဒီအခြေခံကို နားလည်ထားမယ်ဆိုရင် GED RLA Reading မှာ Inference Questions တွေကို ပိုမိုယုံကြည်မှုရှိရှိ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
GED အကြောင်း သိချင်တာတွေရှိရင် GED Guide by La Yaung Hub ရဲ့ နောက် Post တွေမှာ တစ်ဆင့်ချင်း ရှင်းပြပေးသွားပါမယ်။