GED RLA မှာ မကြာခဏတွေ့ရတဲ့ Logical Fallacies ဆိုတာ ဘာလဲ?
GED RLA Reading အပိုင်းမှာ စာပိုဒ်ဖတ်တဲ့အခါ မှန်သလိုထင်ရပေမယ့် စဉ်းစားပုံအမှားဖြစ်တဲ့ Logical Fallacies တွေကို ခွဲခြားနိုင်ဖို့ အရေးကြီးပါတယ်။
Reading အပိုင်းမှာ ဘာတွေသုံးသပ်ရမလဲ
GED ရဲ့ RLA Reading အပိုင်းမှာ စာပိုဒ်တစ်ပိုဒ်ကို ဖတ်တဲ့အခါ စာရေးသူရဲ့ ဆိုလိုချက်ကို နားလည်ရုံနဲ့ မလုံလောက်ပါဘူး။
- စာပိုဒ်ထဲက အကြောင်းပြချက်တွေက မှန်ကန်မှုရှိ၊ မရှိ သုံးသပ်ရပါမယ်။
- ထောက်ခံထားတဲ့ အချက်အလက်တွေက လုံလောက်မှုရှိ၊ မရှိကိုပါ သုံးသပ်နိုင်ရပါမယ်။
Logical Fallacies ဆိုတာ ဘာလဲ
Logical Fallacies ဆိုတာ စာပိုဒ်ကိုဖတ်လိုက်တဲ့အခါ မှန်သလို ထင်ရပေမယ့် အဓိပ္ပာယ် မပြည့်စုံခြင်း၊ မှန်ကန်တဲ့သက်သေ မလုံလောက်ခြင်း၊ ဒါမှမဟုတ် မှားယွင်းတဲ့ တွေးခေါ်ပုံတွေကြောင့် ဖြစ်ပေါ်လာတဲ့ စဉ်းစားပုံအမှားတွေကို ဆိုလိုပါတယ်။
ဘာကြောင့် အရေးကြီးလဲ
GED RLA မှာ စာပိုဒ်တွေဖတ်တဲ့အခါ စာရေးသူရဲ့ အယူအဆ၊ အကြောင်းပြချက်နဲ့ ကောက်ချက်ချမှုတွေက တကယ်ဆက်စပ်မှုရှိ၊ မရှိကို ခွဲခြားစဉ်းစားနိုင်ဖို့ အရေးကြီးပါတယ်။
ဒါတွေကို သေချာနားလည်ထားမယ်ဆိုရင် စာပိုဒ်တွေကို ပိုပြီးလွယ်လွယ်ကူကူ ခွဲခြားသုံးသပ်နိုင်မှာဖြစ်ပြီး GED RLA ဖြေဆိုရာမှာလည်း အမှတ်ကောင်းကောင်းရဖို့ အထောက်အကူဖြစ်စေမှာပါ။
GED အကြောင်း သိချင်တာတွေရှိရင် GED Guide by La Yaung Hub ရဲ့ နောက် Post တွေမှာ တစ်ဆင့်ချင်း ရှင်းပြပေးသွားပါမယ်။